Skip to content

VPN blocking in Myanmar since 2024-05-30 reportedly implemented by a Chinese company, Geedge Networks #369

@wkrp

Description

@wkrp

Since 2024-05-30 there is new blocking of VPNs in (parts of?) Myanmar. People have been using VPNs in Myanmar commonly since 2021 to circumvent blocks of Facebook and other sites.

What I find interesting about the news article is it says that the military government worked with an unspecified Chinese company to implement these new blocks.

https://yktnews.com/2024/05/165124/ (archive)

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေ

ရန်ကုန်၊ မေ ၃၀

မြန်မာပြည်တွင်းတွင် VPN များ ချိတ်ဆက်မရတော့ဘဲ လူမှုကွန်ရက် Facebook စာမျက်နှာနှင့် မက်ဆင်ဂျာများ သုံးစွဲမရ ဖြစ်နေကြောင်း ရန်ကုန်မနှင့် မန္တလေးမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“ဒီမနက်က စပြီး VPN တွေချိတ်မရဘူး။ ပုံမှန်သုံးနေတဲ့ VPN ကို ချိတ်မရတာ။ Wifi ပေးတဲ့ ကုမ္ပဏီကို ဆက်တော့ အခြား VPN တစ်ခု သုံးခိုင်းတယ်။ ချိတ်လို့ရပေမယ့် Facebook ဖွင့်တာ ဘာမှ ကြည့်မရဘူး။ ဓာတ်ပုံရော စာသားရော မပေါ်တာ။ မက်ဆင်ဂျာကလည်း စာပဲ ရိုက်လို့ရတယ်။ ဖုန်းပြောမရဘူး” ဟု မရမ်းကုန်းမနယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရန်ကုန်အခြေစိုက် အင်တာနက်ဖိုက်ဘာလိုင်းဝန်ဆောင်မှုပေးသော ကုမ္ပဏီတစ်ခုကို ဆက်သွယ်မေးမြန်းရာ တရုတ်နိုင်ငံမှ ဆော့ဝဲများဖြင့် VPN များ အသုံးပြုမရစေရန် လုပ်ဆောင် ပိတ် ဆို့ထားသည်ဆိုသော သတင်းများသိရှိထားကြောင်း၊ ယခု ပြည်သူများ အကျွမ်းတဝင် အသုံးပြုနေသော VPN များ သုံးမရဖြစ်နေသည်ဆိုသော ဖုန်းဆက်မေးမြန်းမှုများ ယနေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် အလွန်များပြားကြောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်တစ်ခုကမူ ယခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုထံသို့ စစ်ကောင်စီက VPN များကို ပိတ်ပင်နိုင်သည့် Great Firewall တစ်ခု တည်ဆောက်ရန် တင်ဒါပေးလိုက်ကြောင်း၊ ယင်းတရုတ်ကုမ္ပဏီက နေပြည်တော်နှင့်ရန်ကုန်တွင် အခြေ စိုက်ပြီး Great Firewall များ တည်ဆောက်နေသည်ဆိုသော သတင်းများ ကြားသိထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

“တရုတ်လို Great Firewall တွေ လုပ်မယ်လို့ သတင်းတွေ ထွက်နေတာကြာပြီ။ အတိအကျတော့ ဘယ်တရုတ်ကုမ္ပဏီလဲဆိုတာ မသိရဘူး” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်နီးစပ်သော သတင်းရင်းမြစ်က ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖေ့ဘုတ်စ် Facebook လူမှုကွန်ရက်အသုံးပြုမှုများကို တရားဝင်ပိတ်ပင်လိုက်သဖြင့် ပြည်သူများမှာ VPN အသုံးပြု၍ Facebook လူမှုကွန်ရက်ကို သုံးစွဲနေကြရခြင်းဖြစ်သည်။

In Myanmar, VPNs are no longer connected, and Facebook pages and messengers cannot be used

Yangon, May 30

Residents of Yangon and Mandalay told the Yangon Modern News Agency that they are no longer able to connect to VPNs in Myanmar and cannot access Facebook pages and messengers.

“Starting this morning, I can't connect to VPNs. I can't connect to my regular VPN. I asked the wifi company to use another VPN. I can connect, but I can't see anything when I open Facebook. Neither the photo nor the text appears. Messenger can also type. I can't talk on the phone," said a resident of Mayangone Township.

Yangon New Age News contacted a Yangon-based internet fiber line service company, and they learned that they have been blocked by software from China to prevent the use of VPNs. It is said that there are a lot of phone calls today morning and afternoon saying that the VPNs that people are familiar with are not working.

A source close to Myanmar's telecommunications industry said that since February of this year, the Military Council has awarded a tender to a Chinese company to build a Great Firewall that can block VPNs. On March 14 of this year, he told Yangon New Times that he had heard news that the Chinese company was building Great Firewalls based in Nay Pyi Taw and Yangon.

"There have been reports for a long time that China will build a Great Firewall. We don't know exactly which Chinese company it is," a source close to Myanmar's telecommunications industry said on March 14 this year.

After the military coup in Myanmar on February 1, 2021, the military council officially banned the use of Facebook social network in Myanmar, so people have to use a VPN to use the Facebook social network.

I found this out from an issue on the Tor bug tracker. There you can see there has been a great increase in bridge users since 2024-05-30.

Metadata

Metadata

Assignees

No one assigned

    Type

    No type

    Projects

    No projects

    Milestone

    No milestone

    Relationships

    None yet

    Development

    No branches or pull requests

    Issue actions